Fortune Plaza – Happy Covid Center
EFD GROUP ၏ Founder, Chairman & CEO နှင့် Golden Environmental Construction Co., Ltd. ၏မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ အဂ္ဂမဟာ သီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းမျိုးဝင်းသည် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ(၂၇)ရက်နေ့တွင် ကုမ္ပဏီမှပိုင်ဆိုင်သည့် သာကေတမြို့နယ်၊ မင်းနန္ဒာလမ်းနှင့် သုမနလမ်းထောင့်၊ မြေ(၁၆)ဧကကျော်ရှိ (၁)လလျှင် ငှားရမ်းခ အမေရိကန်ဒေါ်လာ (၉)သိန်းခန့် ကျသင့်သော Fortune Plaza, Myanmar Expo တွင် ပြပွဲကြီးများ ကျင်းပရာ ခန်းမကျယ်ကြီး၌ ကုတင်(၅၅၀)ဆံ့ Fortune Plaza Happy Covid Center အဖြစ် COVID-19 ပြီးဆုံးသည့် အချိန်အထိ အခမဲ့အသုံးပြုခွင့်နှင့် “Fortune Plaza Happy Covid Center” ၏ကုသရေးဆိုင်ရာနှင့် လိုအပ်သော ကဏ္ဍများတွင် သုံးစွဲရန်အတွက် မတည်ရန်ပုံငွေ ကျပ်သိန်း (၁,၀၀၀) ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသို့ လှူဒါန်းခဲ့ပါသည်။
“Fortune Plaza Happy Covid Center” ၏ စီမံအုပ်ချုပ်ရေး၊ ကုသရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီတို့မှ တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး COVID-19 ကုသရေးစင်တာအဖြစ် (၈.၁၀.၂၀၂၀)တွင် ဖွင့်လှစ်နိုင်ခဲ့ပြီး စတင်ဖွင့်လှစ်သည့်ရက်တွင်လူနာ (၁၀၀)ခန့်ကို စတင်လက်ခံ ကုသပေးခဲ့ပြီး (၁၂.၁၀.၂၀၂၀) အထိ လူနာ ၅၀၀ ခန့်ကို လက်ခံကုသပေးလျှက် ရှိပါသည်။
Fortune Plaza Happy Covid Center တွင် (၂၄)နာရီ လျှပ်စစ်ဓါတ်အားပေးစနစ်၊ ကောင်းမွန်သည့် Free Wifi၊ လုံလောက်သည့် Air Condition စနစ်များနှင့် ရေပူရေအေး (၂)မျိုးသုံး Water Cooler များ၊ စာကြည့်တိုက်၊ ကိုယ်လက် ကျန်းမာရေး လေ့ကျင့်ခန်းများ ဆောင်ရွက်ရန် အထောက်အကူပြု ပစ္စည်းများ၊ အနားယူ အပန်းဖြေနိုင်သည့် ဧရိယာများကို စီစဉ်ဆောင်ရွက်ပေးထားပြီး တာဝန်ထမ်းဆောင်မည့် ဆရာဝန်များနှင့် စေတနာ့ ဝန်ထမ်းများအတွက် ရေခဲသေတ္တာများ၊ အဝတ်လျှော်စက်များ၊ အဝတ်အခြောက်ခံစက်များနှင့် Hair Dryer များတို့ကို စီမံဆောင်ရွက် ထားပါသည်။ လိုအပ်သည့် သောက်ရေသန့် များကို ကုသရေးစင်တာ ပြီးစီးသည်အထိ လှူဒါန်းသွားမည် ဖြစ်သည်။
စားသောက်ရေးနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ၊ We Love Yangon တို့နှင့် ပူးပေါင်း၍ စီမံဆောင်ရွက်ခဲ့ပါသည်။ကုသရေးစင်တာတွင် အထူးကြပ်မတ် စောင့်ရှောက်မှု အခန်းများ (HDU / ICU) ပါရှိမည့်အပြင် ရေချိုးခန်းနှင့် သန့်စင်ခန်းများကိုလည်း လုံလောက်မှုရှိစေရန် ထားရှိ ပေးထားပါသည်။
















