EFD GROUP နှင့် EFF FOUNDATION မှ COVID-19 ကပ်ရောဂါအတွက် အထောက်အပံ့ပစ္စည်းများလှူဒါန်း
EFD GROUP နှင့် EFF FOUNDATION တို့၏ Founder, Chairman & Group CEO ဖြစ်သူ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းမျိုးဝင်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် COVID-19 ကပ်ရောဂါကို နိုင်ငံတော်အဆင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ လိုအပ်လျှက်ရှိသော အထောက်အကူပြုပစ္စည်းများနှင့် အခြေခံစားသောက်ကုန်များကို တန်ဖိုးငွေ ကျပ်သိန်းပေါင်း (၇,၁၃၀)ကျော် လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။
EFD GROUP နှင့် EFF FOUNDATION သည်
၁။ | ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ |
၂။ | မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ |
၃။ | မြန်မာ့အာမခံလုပ်ငန်း၊ |
၄။ | ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း၊ |
၅။ | ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သာကေတမြို့နယ်နှင့် |
၆။ | ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ မိုးကောင်းမြို့နှင့် မိုးမိတ်မြို့များရှိ ဝင်ငွေနည်းပါးသော အိမ်ထောင်စု (၅,၂၀၀)ထံသို့ COVID – 19 ရောဂါကာကွယ်၊ ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရန်အတွက် ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အခြေခံစားသောက်ကုန်များကို ပေးဝေလှူဒါန်းခဲ့ပါသည်။ |
ယခုအကြိမ် လှူဒါန်းမှုစုစုပေါင်းသည် ကျပ်ငွေ ၁၃၅,၂၀၀,၀၀၀/- (ကျပ်တစ်ထောင့်သုံးရာငါးဆယ့်နှစ်သိန်းတိတိ)ဖြစ်ပြီး ကျွန်တော်များ EFD GROUP နှင့် EFF FOUNDATION တို့၏ COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုနှင့် ကပ်ရောဂါကြောင့် လူမှုစီးပွား အခက်အခဲများကို ကူညီလှူဒါန်းမှု အစုစုတို့၏တန်ဖိုးမှာ ကျပ်ငွေ သိန်းပေါင်း(၇,၁၃၀)ကျော် ဖြစ်ပါသည်။
ကျွန်တော်များ EFD GROUP နှင့် EFF FOUNDATION တို့၏ Founder, Chairman & Group CEO ဖြစ်သူ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းမျိုးဝင်း၏ ဦးဆောင်မှုဖြင့် ပြည်သူများ၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့တွင် တက်ကြွစွာဖြင့် အစဥ်အမြဲ အထောက်အကူပြု ပါဝင်လှူဒါန်း ဆောင်ရွက်လျက် ရှိပါသည်။
လှူဒါန်းမှုအစုစုတို့၏ ကောင်းမှုကုသိုလ်ကို ထပ်တူထပ်မျှ ရရှိကြစေရန်နှင့် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်စေရန် မျှဝေအပ်ပါသည်။