နိုင်ငံတော်၏ COVID – 19 ကာကွယ်ဆေး ဝယ်ယူရေးရန်ပုံငွေသို့ သိန်းပေါင်းတစ်သောင်းကျပ် လှူဒါန်းခြင်း
Excellent Fortune Development Group (EFD GROUP)နှင့် Excellent Fortune Foundation (EFF Foundation)တို့၏ Founder, Chairman & CEO အဂ္ဂမဟာ သီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းမျိုးဝင်းနှင့် မိသားစုသည် နိုင်ငံတော်၏ COVID – 19 ကာကွယ်ဆေး ဝယ်ယူရေးရန်ပုံငွေအတွက် မြန်မာ့စီးပွားရေးဘဏ် ငွေစာရင်းအမှတ် OA 013733 သို့ ငွေကျပ် ၁,၀၀၀,၀၀၀,၀၀၀/- (သိန်းပေါင်းတစ်သောင်းကျပ် တိတိ) 1-Billion Kyats ကို ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၅ရက် တနင်္လာနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လှူဒါန်းခဲ့ပါသည်။
၂၀၂၀ခုနှစ်အတွင်း Excellent Fortune Development Group (EFD GROUP)နှင့် Excellent Fortune Foundation (EFF Foundation)တို့အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်း ကျန်းမာရေးကဏ္ဍအတွက် အထောက်အကူပြု လှူဒါန်းခဲ့မှုများမှာ ကျပ်သိန်းပေါင်း သုံးသောင်းလေးထောင်တစ်ရာ့ငါးဆယ်ကျော် ဖြစ်ပါသည်။



