ဦးစိုင်းမျိုးဝင်းFounder, Chairman & Group CEO
ဦးစိုင်းမျိုးဝင်းသည် Excellent Fortune Development Group(EFD GROUP) ၏ Founder, Chairman & Group CEO ဖြစ်ပါသည်။
မြန်မာနိုင်ငံ၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မွေးဖွားခဲ့ပြီး EFD GROUP ကို ဇနီးဖြစ်သူ ဒေါ်နန်းခင်မြင့်ရီ နှင့်အတူ 2012 ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပါသည်။
ဦးစိုင်းမျိုးဝင်း၏ ဦးဆောင်မှုအောက်တွင် လုပ်ငန်းသည် မိသားစုလုပ်ငန်းမှ ကဏ္ဍစုံလုပ်ငန်းစုကြီးတစ်ခုအထိ ကြီးထွားလာခဲ့ပါသည်။
EFD GROUP သည် ဘဏ္ဍာရေး၊ အိမ်ခြံမြေ၊ သတ္တုတူးဖော်ရေး၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်း စသည့် အဓိကကဏ္ဍကြီး ၅ ခုတွင် တက်ကြွပြီး ပေါင်းစပ်ကုမ္ပဏီများအုပ်စုအဖြစ် အောင်မြင်စွာ အသွင်ပြောင်းခဲ့ပါသည်။
ဦးစိုင်းမျိုးဝင်းသည် မြန်မာပြည်သူပြည်သားများအတွက် အကျိုးပြုသော နိုင်ငံတော်အဆင့် ပရဟိတအဖွဲ့တစ်ခုဖြစ်သည့် Excellent Fortune Foundation (EFF Foundation) ၏ ဥက္ကဋ္ဌလဲ ဖြစ်ပါသည်။
နိုင်ငံတော်အဆင့် ဖောင်ဒေးရှင်းသည် လူမှုဖူလုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ မြန်မာလူမျိုးများ၏ လူနေမှုအဆင့်အတန်း မြှင့်တင်ရေးနှင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ပံ့ပိုးကူညီပေးလျက် ရှိပါသည်။
၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ဦးစိုင်းမျိုးဝင်းသည် ရွှေပြည်သာစက်မှုဇုန် အပိုင်း ၂၊ ၃၊ ၄ နှင့် သာဓုကံစက်မှုဇုန် အပိုင်း ၁၊ ၂၊ ၃၊ ၄ နှင့် ၅ တို့၏ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံ၏ စက်မှုဇုန်များရှိ အကြီးဆုံးဧရိယာကို ကြီးကြပ်ကွပ်ကဲရပြီး စီမံခန့်ခွဲမှုကော်မတီ၏ ဥက္ကဋ္ဌများထဲတွင် အသက်အငယ်ဆုံးလဲ ဖြစ်သည်။
ဦးစိုင်းမျိုးဝင်းသည် လက်ရှိတွင် Excellent Fortune Life Insurance (EFIL) နှင့် Excellent Fortune General Insurance (EFIG) ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး 2013 ခုနှစ်မှ စတင်၍ Fortune Plaza ကို ထူထောင်ခဲ့သည့် Golden Environmental Construction Company Limited နှင့် Myanmar Expo တို့၏ မန်နေဂျင်းဒါရိုက်တာလဲ ဖြစ်ပါသည်။
2018 / 2019 ဘဏ္ဍာနှစ်တွင် EFD ကုမ္ပဏီအုပ်စု၏ ကုမ္ပဏီခွဲတစ်ခုသည် မြန်မာနိုင်ငံကုမ္ပဏီများတွင် 13 ခုမြောက် ၀င်ငွေခွန်အများဆုံးပေးဆောင်သူအဖြစ် အဆင့် သတ်မှတ်ခံခဲ့ရပါသည်။
2020 ခုနှစ် ဇန်နဝါရီလ 4 ရက်နေ့တွင် ဦးစိုင်းမျိုးဝင်းအား နိုင်ငံတော်သမ္မတမှ ” အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ” ဘွဲ့ကို ထိုက်တန်စွာ ချီးမြှင့်ခဲ့ပါသည်။ ယင်းဘွဲ့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်က ချီးမြှင့်သော သာသနာရေးဆိုင်ရာ အမြင့်ဆုံးသော ဂုဏ်ထူးဆောင်ဘွဲ့များထဲမှ တစ်ခု ဖြစ်ပါသည်။
ဦးစိုင်းမျိုးဝင်းသည် 2021 ခုနှစ် ဒီဇင်ဘာလ 29 ရက်နေ့တွင် စတင်လည်ပတ်ခဲ့သော တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးဘဏ် – မန္တလေး (FDB Bank) ၏ အဓိကရှယ်ယာရှင် ဖြစ်ပါသည်။