Excellent Fortune Foundation
EFD GROUP သည် ပြည်သူများ၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ လူမှုဘဝ မြှင့်တင်ပေးရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများတွင် စွမ်းဆောင်ရည်မြင့်မားစွာဖြင့် အထောက်အကူပြု တက်ကြွစွာ ပိုမို ပါဝင်ဆောင်ရွက်နိုင်ရန် Excellent Fortune Foundation ( EFF Foundation ) လူမှုရေးအသင်းအဖွဲ့ကို ၂၀၁၆ ခုနှစ်တွင် တည်ထောင်၍ ပရဟိတလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်လျက် ရှိပါသည်။
Excellent Fortune Foundation ( EFF Foundation ) မှ ဆောင်ရွက်လျက်ရှိသော လှူဒါန်းမှုများသည် EFD GROUP ပိုင် ငွေကြေးများဖြင့်သာ စေတနာ၊ သဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းခြင်း ဖြစ်ပါသည်။
Donations




