စက်မှုကဏ္ဍ
EFD GROUP သည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ပြည်ညောင်ကျေးရွာအနီးရှိ မြို့တော်ဘိလပ်မြေစက်ရုံ (ပြည်ညောင်)တွင် နောက်ဆုံးနည်းစဥ် အသစ်ဖြစ်သည့် New dry process ဖြင့် တစ်ရက်လျှင် ဘိလပ်မြေ တန်(၆,၀၀၀)ကျ (၂)လိုင်း ပါရှိသည့် နိုင်ငံတကာအဆင့်မီ ဘိလပ်မြေစက်ရုံကို ရင်းနှီးမြုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း (၆၀၀)ခန့်ဖြင့် မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော ဘိလပ်မြေစက်ရုံအဖြစ် တည်ဆောက် ဆောင်ရွက်လျက်ရှိပြီး၊ စက်ရုံ ပထမ (၁)လိုင်းကို ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် တည်ဆောက် ပြီးစီးပါမည်။
ထို့အပြင် နောက်ဆုံးနည်းစဥ် အသစ်ဖြစ်သည့် New dry process ဖြင့် တစ်ရက်လျှင် ဘိလပ်မြေ တန်(၁၀,၀၀၀)ကျ (၂)လိုင်း ပါရှိသည့် နိုင်ငံတကာအဆင့်မီ ဘိလပ်မြေစက်ရုံကို တည်ဆောက်ရန် စီစဥ်ဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါစီမံကိန်း၏ စုစုပေါင်းရင်းနှီးမြုပ်နှံမှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း (၇၆၀)ခန့် ဖြစ်ပါသည်။

New Dry Process

32,000
METRIC TONS PER DAY

Total investments
USD 1.36 billion